ထာဝရဘုရားသခင်သည် ကမ္ဘာဦးအစ၌ ၆ ရက်အတွင်းဖန်ဆင်းသောအမှုကို လက် စသတ်တော်မူခဲ့ပြီး သတ္တမနေ့ရောက်လျှင် ငြိမ်ဝပ်စွာနေတော်မူ၏ သို့သော် ဘုရားသခင် သည် အဌမနေ့မှ စတင်၍ လူသားများ၏ အပြစ်တင်လျှက် မြည်တမ်းသောစကားသံ (ဃသာစူငေည) ကိုဖြေရှင်းပေးနေရ သည်မှာ ယနေ့ထိဖြစ် ပါသည်။ သမ္မာကျမ်းစာထဲမှ ပထမဦးဆုံးအပြစ် တင်၊ အပြစ်ရှာတတ်သူကို ညွှန်ပြရမည်ဆို လျှင်လူယောက်ျားအာဒံပင်ဖြစ်ပေသည်။ ဘုရားသခင်တားမြစ်ထားသော အပင်၏ အသီးကိုစားမိသောကြောင့်ကြောက်၍ ပုန်း ကွယ်နေခဲ့ရသည်။ ဘုရားသခင်က] မစား ရဟုငါပညတ်သောအပင်၏ အသီးကို စား ပြီလော} ဟုမေးတော်မူသောအခါ အာဒံက] ကျွန်တော်၌ပေးအပ်တော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စား မိပါသည်} ဟုလျှောက်လေ၏။ အာဒံ၏ လျှောက် တင်ချက်တွင် ဘုရားသခင်နှင့်လူမိန်းမကို အပြစ် တင်ထားသည်ကိုတွေ့ရသည်။ ကိုယ်တိုင်ရှာ၍ ယူထားသောမိန်းမ မဟုတ် ကိုယ်တော်ရှင်ပေး ထားသောမိန်းမကြောင့် ကျွန်ုပ်စားမိပါသည်ဟု အပြစ်တင်ချက်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဖန် ဆင်းခြင်းအစကတည်းကပင် ကျွန်ုပ်တို့ လူသားများသည် ပြဿနာတစ်ခုခု ပေါ်လာလျှင် ဘုရားကိုသော်လည်းကောင်း၊ လူသား အချင်း ချင်းကိုသော်လည်းကောင်း၊ အပြစ်ရှာခြင်း၊ အပြစ်တင်ခြင်း၊ ညည်းညူခြင်း၊ မြည်တမ်းခြင်း၊ မကျေနပ်ချက်ဖွင့်ဟခြင်းအစရှိသည့် ဃသာစူငေည လုပ်ခြင်းအရာကို အထူးပင် ခုံမင်နှစ်သက်ကြောင်းငြင်း ဆို၍မရနိုင်ပါ။ နှင်းဆီပန်းရှိဆူးများကြောင့်ပြစ်တင်ဝေဖန်မည့်အစားဆူးများကြားမှနှင်းဆီပန်းအတွက်ကျေးဇူးချီးမွှမ်းလေ
ကျွန်ုပ်တို့သည်တချိန်ပြီးတချိန်၊ အကြောင်း အရာတစ်ခုပြီးတစ်ခုကို အပြစ်တင်မြည်တမ်းနေ တတ်သူများဖြစ်ပါသည်။ လူအချို့က ပေါ်ပေါ် ထင်ထင်၊ အချို့ကတီးတိုး မကြားတကြား အပြစ် တင်မြည်တမ်းတတ်ကြပါသည်။ သို့သော် တမန် တော်ကြီးရှင်ပေါလုကဖိလိပ္ပိ ၂း၁၄ ၌] သင် တို့သည်ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်း၊ မရှိဘဲပြုကြလော့} ဟူ၍ သွန်သင် ထားပါသည်။ ပြုလေသမျှတို့၌ ဟုဆိုရာတွင် စားသောက်ခြင်း၊ ပြောဆိုနေထိုင် သွားလာ လှုပ်ရှားခြင်း၊ လုပ်ငန်းခွင်၊ အမှုတော်မြတ်၊ ပေး ကမ်းစွန့် ကြဲခြင်း..... အစရှိသော အရာခပ်သိမ်း ကို လုပ်ဆောင်ရာ၌ ငြီးငြူခြင်း၊ မြည်တမ်းခြင်း၊ အပြစ်ရှာခြင်းမရှိဘဲ လုပ်ကိုင်ဖို့ရန်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည် အစဉ်အမြဲညည်းညူ၊ မြည်တမ်း၊ အပြစ်ရှာတတ်သူများ ဖြစ်သော ကြောင့် ဤကျမ်းပိုဒ်ကိုလိုက်နာရန် အင်မ တန်အခက်အခဲဖြစ်စေသည်။ ထို့ကြောင့် ကျွန်ုပ် တို့အပြစ်တင်မြည်တမ်းလိုက်ခြင်း အားဖြင့် ပြဿနာသေးငယ်လာပါသလား¿ အကျိုး မထူးပါ။ အပိုသက်သက်သာဖြစ်သည်ကို တွေ့ရပါသည်။
ဣသရေလအမျိုးသားများသည် အဲဂုတ္တု ပြည်မှထွက်ခွာ၍ ခါနန်ပြည်သို့သွားရာ လမ်းခရီးတလျှောက် တောထဲတွင်လှည့်လည် သွားစဉ် ဒုက္ခပြဿနာတွေ့တိုင်း သူတို့ကို ဦးဆောင်သော မောရှေနှင့်အာရုန်ကို အပြစ် တင်သည်သာမကဘုရားသခင်ကိုလည်း အပြစ် တင်သည်ကိုတွေ့ရှိရပါသည်။ (ထွက်မြောက်ရာ ကျမ်း - ၁၅း၂၄ ၊ ၁၆း၃ ၊ ၁၇း၃ ) တောလည်ရာကျမ်း - ၁၄း၂ ၊ ၁၆း၁၁ ၊ ၁၆း၄၁ ) ထို့ကြောင့်သမ္မာကျမ်းစာထဲမှ ဣသရေလ အမျိုးသားများ၏ အပြစ်တင်မြည်တမ်းခြင်း ကြောင့် ပေးဆပ်ရသောအဖိုးအခကို လေ့လာ ၍နမူနာယူကြပါစို့။ (တရားဟောရာကျမ်း ၁း၁၉-၃၈ ) (တရား ၁း၂၆) ဘုရားသခင်သည်ဣသရေလ အမျိုးသားတို့အား ခါနန်ပြည်ကိုသင်တို့ ရှေ့မှာ ထားတော်မူပြီ၊ တက်သွား၍သိမ်းယူလော့ဟု ပြောဆိုသော်လည်း သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဆန့်ကျင်၍ မသိမ်းယူသည်သာ မက ထာဝရဘုရားသည်ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့် အာမောရိလူတို့ လက်၌အပ်လိုသောကြောင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သည်ဟူ၍ အပြစ်တင်မြည်တမ်း ခဲ့သည်ကိုတွေ့ရပါသည်။ ထို့အတူ ကျွန်ုပ်တို့ သည်လည်း ထာဝရဘုရား၏အမိန့်တော်ကို ဆန့်ကျင်သောအခါ၊ အကြောင်းအရာတစ်ခု(သို့) တစ်ဦးတစ်ယောက်ကို ဆန့်ကျင်သောအ ခါအပြစ်တင်မြည်တမ်းလေ့ရှိတတ်ပါသည်။ (တရား ၁း၂၈ ) ဣသရေလအမျိုးသားတို့က အာမောရိ လူတို့ သည် သူတို့ထက်သာ၍ကြီးသည်။ အရပ် လဲသာ၍မြင့်သည်။ မြို့လဲမိုးကောင်းကင်သို့ ထိသောမြို့ရိုးရှိသည် ဆိုသောသတင်းကို ကြားလိုက်ရသည်နှင့် ထိုမြို့သို့သွားရောက် မသိမ်းပိုက်ရဲဘဲ မိမိတို့တဲများ၌ အပြစ်တင် မြည် တမ်းဆန့်ကျင်ဘက်ပြု ကြသည်ကိုတွေ့ရှိရပါ သည်။ ထို့အတူကျွန်ုပ်တို့သည်လည်း ဒုက္ခ၊ ပြဿနာတခုခုကို ရင်ဆိုင်လိုက်တိုင်း ပထမဦး ဆုံး တုန့်ပြန်သောအနေဖြင့်အပြစ် တင်မြည် တမ်းလေ့ရှိကြပါသည်။(တရား ၁း၃၃) အဲဂုတ္တု ပြည်မှ ခါနန်ပြည်နယ်စပ်သို့သွားရာလမ်း တလျှောက်လုံး ဘုရားသခင်သည် ဣသရေလ အမျိုးသားများအား သားကိုချီပိုက်သကဲ့သို့ လမ်းပြခေါ်ဆောင်လာခဲ့သည်သာမက ခါနန် ပြည်ကိုဝင်ရောက်သိမ်းပိုက်ရန် စစ်ကူတော် မူမည် ဟုဆိုသော်လည်း စကားတော်ကို မယုံကြည်ဘဲ အပြစ်တင်မည်တမ်းသည်ကို တွေ့ရှိရပါသည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း ဘုရားသခင် (သို့) လူတစ်ဦးတယောက် (သို့) ဆုံးဖြတ်ချက်တခုခုကို မယုံကြည်၊ လက်မခံနိုင် သောအခါ အပြစ်တင်မြည်တမ်းလေ့ ရှိတတ် ပါသည်။ အပြစ်တင်မြည်တမ်းခြင်းသည် ကူးစက် တတ်သောအရာဖြစ်ပါသည်။ မိမိတို့နေထိုင်ရာ တဲအတွင်းမှစတင်၍ အပြစ်တင်မြည်တမ်း ရာမှကူးစက်၍ ဣသရေလ တစ်မျိုးသားလုံး ငြီးထွားပြစ်တင်ကြကြောင်း တွေ့ရှိရပါသည်။ ထို့အတူမိမိတို့အိမ်ထောင်ပတ်ဝန်းကျင်၊ အသင်းတော်၊ အဖွဲ့အစည်းများ၌ တစ်ဦး တစ်ယောက်မှစတင်၍ အပြစ်တင် မြည်တမ်း ခြင်းကြောင့် အားလုံးထံသို့မကူးစက်ဖို့ရန် သတိပြုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့၌ အကောင်းမြင်စိတ်ထား၊ အကောင်းမြင် ၀ါဒ အပြည့်ရှိလျှင် အပြစ်တင်မြည်တမ်းခြင်းသည် မကူးစက်နိုင်ပါ။
အပြစ်တင်မြည်တမ်းခြင်းအားဖြင့် ရန် လိုခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲပြားခြင်းတို့ ဖြစ်စေ ပါသည်။ ဣသရေလအမျိုးသားတို့သည် မောရှေနှင့်အာရုန်ကိုသော်၎င်း၊ ဘုရားသခင်ကို သော်၎င်း အကြိမ်ကြိမ်အပြစ်တင်မြည်တမ်း ရာမှအစပြု၍ အချင်းချင်းသဘောထား
ကွဲလွဲခြင်း၊ ကွဲပြားခြင်း၊ အပြစ်ကိုရောက်ရှိခဲ့ ကြောင်းတွေ့ရပါသည်။ ထို့အတူ လူအချင်းချင်း (သို့) ဘုရားသခင်ကိုသော်၎င်း အပြစ်တင် အပြစ်မြင်ရာမှ ဘုရားသခင်နှင့် အဆက်ပြတ် ခြင်း၊ လူအချင်းချင်း မခေါ်မပြောနိုင်ကြခြင်း၊ ရန်လိုခြင်း အစရှိသောပြဿနာများ ဖြစ်ပွားနေ သည်ကိုတွေ့ရှိရပါသည်။ အပြစ်တင်မြည်တမ်းခြင်းသည် မိမိ၏ အကျိုးကို ဆုံးရှုံးနစ်နာစေသည်။ ဣသရေလ အမျိုးသားများ၏ အကြိမ်ပေါင်းများစွာ အပြစ် တင်မြည်တမ်းသောအသံကို ထာဝရဘုရား ကြား၍အမျက်တော်ထွက်သောကြောင့် သူတို့ စစ်တိုက်သော်လည်း ရန်သူရှေ့မှာ စစ်ရှုံးခဲ့ရ သည်။ ထာဝရဘုရားရှေ့တော်၌ ငိုကေး သော်လည်း သူတို့၏ စကားကိုထာဝရဘုရား နားမထောင်။ ထို့ကြောင့်အပြစ်တင် မြည်တမ်း သံများသည် ဘုရားသခင်၏ ကောင်းကြီးကို လက်လွှတ်လိုက်ရပြီး မိမိအတွက် အကျိုးဆုတ် ယုတ်ခြင်းကိုသာ ဖြစ်စေကြောင်း တွေ့ရပါသည်။ မပြည့်စုံသောကျွန်ုပ်တို့လူသားများသည် အနည်းနှင့်အများ အပြစ်တင်မြည်တမ်းခြင်းကို ကြားနေရသလို မိမိကိုယ်တိုင်လည်း ပြုကျင့် နေကြရပါသည်။ သို့သော်ပြဿနာ၊ အခြေအ နေ၊ လူအချင်းချင်းအပေါ် မျက်စိဒေါက်ထောက် ကြည့်နေသမျှကာလပတ်လုံး အမြဲ ညည်းညူ စရာ၊ အပြစ်တင်စရာ၊ ပြောစရာတွေ့ရပေမည်။ ထို့ကြောင့်ဘုရားသခင်အား စေ့စေ့မျှော် ကြည့်ချိန်ကို ပိုပိုသာသာပေးလိုက်ပါက အ ပြစ်တင်မြည်တမ်းဖို့အချိန် လျော့နည်းလာပြီး လုံးဝရပ်တံ့သွားပေလိမ့်မည်။ ထို့အပြင် ကျွန်ုပ် တို့သည်အပြစ်တင်မြည်တမ်းခြင်းထက် ပြဿနာ ရဲ့အဖြေကိုရှာဖွေဖြေရှင်းတတ် သူဖြစ်ရန် အထူးကြိုးစားသင့်ပေသည်။ ဘုရားသခင်၏ အမှုတော်မြတ်အတွက် အကျွန်ုပ် အဘယ်သို့အသုံးခံမည်နည်း (သို့) ဘုရားသခင် စေခိုင်းထားသော အလုပ်တာဝန်များကိုသာ ရှာကြံလုပ်ဆောင်နေပါက အပြစ်တင်မြည်တမ်း ခြင်း ရပ်တံ့သွားပေလိမ့်မည်။ လက်တွေ့တွင် အနည်းငယ်လုပ်ဆောင်တတ်သူများသည် ကျယ်လောင်စွာ အပြစ်တင်မြည်တမ်းတတ် သောသူများဖြစ်သည် ဟူသောအဆိုကို အမြဲသတိရသင့်ပါသည်။ နာကျင်စေသောစကား အစား မျှော်လင့်ခြင်းခွန်အားနှင့် ပြည့် သောစကား ကိုသုံး ဆောင်ဖို့ရန် အထူးအရေးကြီးပေသည်။ (ဧဖက် ၄း၂၉)။(ဖိလိပ္ပိ ၂း၁၄္ထ၁၆)။
( ရှင်မဿဲ ၁၂း၃၆)။
ထို့အပြင်အကျိုးမဲ့သောစကား (အပြစ်တင် မြည်တမ်းသောစကား) လုံးတိုင်းကိုပြောလိုက် ခြင်းအားဖြင့် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရမည်ဖြစ်ကြောင်း အထူး သတိရပါ။အချုပ်အားဖြင့် မိမိ၏လျှာကို မိမိကိုယ်တိုင် အုပ်စိုးပါကဒုက္ခတွေ့မည်မလွဲပေ။ မိမိ၏လျှာကို ထာဝရဘုရားသခင်အား ထိန်းချုပ်ခွင့် ပေး မှသာလျှင် အပြစ်တင်မြည်တမ်းခြင်းကို ရပ်တံ့ နိုင်မည်။ ထို့ကြောင့် ၂၀၀၉ နှစ်သစ်၌ ဘုရား သခင်ထံ ခွန်အားအပြည့်ယူ၍ ငြီးငြူခြင်း၊ အပြစ်တင်မြည်တမ်းခြင်း၊ အပြစ်ရှာခြင်း၊ ငြင်း ခုံခြင်းအစရှိသော လုပ်ခြင်း ကို မိမိတို့အသက်တာမှဖယ်ရှားလျှက် အ ကောင်းဆုံးအသက်ရှင်သွားကြပါစို့။
စာဖတ်ရှုသူမိတ်ဆွေများအပေါ် ဘုရား သခင် ကောင်းကြီး ပေးပါစေ။
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago
