Wednesday, July 22, 2009
အလုပ်
(ကွန်ဖျူးရှပ်)
မျှော်လင့်ခြင်းကို သင်ရွေးချယ်သွားပြီးသည့်အခါ အရာရာ ဖြစ်နိုင်လာပါပြီ။
(ခရစ္စတိုဖာရိဗ်)
ဘ၀က မင်းကို ရှောက်သီးတွေ ပေးတဲ့အခါ
ရှောက်ချိုသီးဖျော်ရည် လုပ်လိုက်စမ်းပါ။
(ဂျုံးကောလင်းစ်)
အချစ်မရှိတဲ့ ဘ၀ဆိုတာ ပန်းတွေ မပွင့် သစ်သီးတွေ မထွက်တဲ့ အပင်လိုပဲ။
(ခါလေးလ်ဂျီဘရန်)
အလွန်ခက်ခဲသောအချိန်ကာလများသည် ထာဝရမဟုတ်။
ခံနိုင်ရည်ရှိသူများသာ ထာဝရဖြစ်လေသည်။
(ဒေါက်တာရောဘတ်စခူးလာ)
COMPLAIN
ကျွန်ုပ်တို့သည်တချိန်ပြီးတချိန်၊ အကြောင်း အရာတစ်ခုပြီးတစ်ခုကို အပြစ်တင်မြည်တမ်းနေ တတ်သူများဖြစ်ပါသည်။ လူအချို့က ပေါ်ပေါ် ထင်ထင်၊ အချို့ကတီးတိုး မကြားတကြား အပြစ် တင်မြည်တမ်းတတ်ကြပါသည်။ သို့သော် တမန် တော်ကြီးရှင်ပေါလုကဖိလိပ္ပိ ၂း၁၄ ၌] သင် တို့သည်ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်း၊ မရှိဘဲပြုကြလော့} ဟူ၍ သွန်သင် ထားပါသည်။ ပြုလေသမျှတို့၌ ဟုဆိုရာတွင် စားသောက်ခြင်း၊ ပြောဆိုနေထိုင် သွားလာ လှုပ်ရှားခြင်း၊ လုပ်ငန်းခွင်၊ အမှုတော်မြတ်၊ ပေး ကမ်းစွန့် ကြဲခြင်း..... အစရှိသော အရာခပ်သိမ်း ကို လုပ်ဆောင်ရာ၌ ငြီးငြူခြင်း၊ မြည်တမ်းခြင်း၊ အပြစ်ရှာခြင်းမရှိဘဲ လုပ်ကိုင်ဖို့ရန်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည် အစဉ်အမြဲညည်းညူ၊ မြည်တမ်း၊ အပြစ်ရှာတတ်သူများ ဖြစ်သော ကြောင့် ဤကျမ်းပိုဒ်ကိုလိုက်နာရန် အင်မ တန်အခက်အခဲဖြစ်စေသည်။ ထို့ကြောင့် ကျွန်ုပ် တို့အပြစ်တင်မြည်တမ်းလိုက်ခြင်း အားဖြင့် ပြဿနာသေးငယ်လာပါသလား¿ အကျိုး မထူးပါ။ အပိုသက်သက်သာဖြစ်သည်ကို တွေ့ရပါသည်။
ဣသရေလအမျိုးသားများသည် အဲဂုတ္တု ပြည်မှထွက်ခွာ၍ ခါနန်ပြည်သို့သွားရာ လမ်းခရီးတလျှောက် တောထဲတွင်လှည့်လည် သွားစဉ် ဒုက္ခပြဿနာတွေ့တိုင်း သူတို့ကို ဦးဆောင်သော မောရှေနှင့်အာရုန်ကို အပြစ် တင်သည်သာမကဘုရားသခင်ကိုလည်း အပြစ် တင်သည်ကိုတွေ့ရှိရပါသည်။ (ထွက်မြောက်ရာ ကျမ်း - ၁၅း၂၄ ၊ ၁၆း၃ ၊ ၁၇း၃ ) တောလည်ရာကျမ်း - ၁၄း၂ ၊ ၁၆း၁၁ ၊ ၁၆း၄၁ ) ထို့ကြောင့်သမ္မာကျမ်းစာထဲမှ ဣသရေလ အမျိုးသားများ၏ အပြစ်တင်မြည်တမ်းခြင်း ကြောင့် ပေးဆပ်ရသောအဖိုးအခကို လေ့လာ ၍နမူနာယူကြပါစို့။ (တရားဟောရာကျမ်း ၁း၁၉-၃၈ ) (တရား ၁း၂၆) ဘုရားသခင်သည်ဣသရေလ အမျိုးသားတို့အား ခါနန်ပြည်ကိုသင်တို့ ရှေ့မှာ ထားတော်မူပြီ၊ တက်သွား၍သိမ်းယူလော့ဟု ပြောဆိုသော်လည်း သူတို့သည်ဘုရားသခင်၏ အမိန့်တော်ကိုဆန့်ကျင်၍ မသိမ်းယူသည်သာ မက ထာဝရဘုရားသည်ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့် အာမောရိလူတို့ လက်၌အပ်လိုသောကြောင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သည်ဟူ၍ အပြစ်တင်မြည်တမ်း ခဲ့သည်ကိုတွေ့ရပါသည်။ ထို့အတူ ကျွန်ုပ်တို့ သည်လည်း ထာဝရဘုရား၏အမိန့်တော်ကို ဆန့်ကျင်သောအခါ၊ အကြောင်းအရာတစ်ခု(သို့) တစ်ဦးတစ်ယောက်ကို ဆန့်ကျင်သောအ ခါအပြစ်တင်မြည်တမ်းလေ့ရှိတတ်ပါသည်။ (တရား ၁း၂၈ ) ဣသရေလအမျိုးသားတို့က အာမောရိ လူတို့ သည် သူတို့ထက်သာ၍ကြီးသည်။ အရပ် လဲသာ၍မြင့်သည်။ မြို့လဲမိုးကောင်းကင်သို့ ထိသောမြို့ရိုးရှိသည် ဆိုသောသတင်းကို ကြားလိုက်ရသည်နှင့် ထိုမြို့သို့သွားရောက် မသိမ်းပိုက်ရဲဘဲ မိမိတို့တဲများ၌ အပြစ်တင် မြည် တမ်းဆန့်ကျင်ဘက်ပြု ကြသည်ကိုတွေ့ရှိရပါ သည်။ ထို့အတူကျွန်ုပ်တို့သည်လည်း ဒုက္ခ၊ ပြဿနာတခုခုကို ရင်ဆိုင်လိုက်တိုင်း ပထမဦး ဆုံး တုန့်ပြန်သောအနေဖြင့်အပြစ် တင်မြည် တမ်းလေ့ရှိကြပါသည်။(တရား ၁း၃၃) အဲဂုတ္တု ပြည်မှ ခါနန်ပြည်နယ်စပ်သို့သွားရာလမ်း တလျှောက်လုံး ဘုရားသခင်သည် ဣသရေလ အမျိုးသားများအား သားကိုချီပိုက်သကဲ့သို့ လမ်းပြခေါ်ဆောင်လာခဲ့သည်သာမက ခါနန် ပြည်ကိုဝင်ရောက်သိမ်းပိုက်ရန် စစ်ကူတော် မူမည် ဟုဆိုသော်လည်း စကားတော်ကို မယုံကြည်ဘဲ အပြစ်တင်မည်တမ်းသည်ကို တွေ့ရှိရပါသည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း ဘုရားသခင် (သို့) လူတစ်ဦးတယောက် (သို့) ဆုံးဖြတ်ချက်တခုခုကို မယုံကြည်၊ လက်မခံနိုင် သောအခါ အပြစ်တင်မြည်တမ်းလေ့ ရှိတတ် ပါသည်။ အပြစ်တင်မြည်တမ်းခြင်းသည် ကူးစက် တတ်သောအရာဖြစ်ပါသည်။ မိမိတို့နေထိုင်ရာ တဲအတွင်းမှစတင်၍ အပြစ်တင်မြည်တမ်း ရာမှကူးစက်၍ ဣသရေလ တစ်မျိုးသားလုံး ငြီးထွားပြစ်တင်ကြကြောင်း တွေ့ရှိရပါသည်။ ထို့အတူမိမိတို့အိမ်ထောင်ပတ်ဝန်းကျင်၊ အသင်းတော်၊ အဖွဲ့အစည်းများ၌ တစ်ဦး တစ်ယောက်မှစတင်၍ အပြစ်တင် မြည်တမ်း ခြင်းကြောင့် အားလုံးထံသို့မကူးစက်ဖို့ရန် သတိပြုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့၌ အကောင်းမြင်စိတ်ထား၊ အကောင်းမြင် ၀ါဒ အပြည့်ရှိလျှင် အပြစ်တင်မြည်တမ်းခြင်းသည် မကူးစက်နိုင်ပါ။
အပြစ်တင်မြည်တမ်းခြင်းအားဖြင့် ရန် လိုခြင်း၊ ရန်ဖြစ်ခြင်း၊ ကွဲပြားခြင်းတို့ ဖြစ်စေ ပါသည်။ ဣသရေလအမျိုးသားတို့သည် မောရှေနှင့်အာရုန်ကိုသော်၎င်း၊ ဘုရားသခင်ကို သော်၎င်း အကြိမ်ကြိမ်အပြစ်တင်မြည်တမ်း ရာမှအစပြု၍ အချင်းချင်းသဘောထား
ကွဲလွဲခြင်း၊ ကွဲပြားခြင်း၊ အပြစ်ကိုရောက်ရှိခဲ့ ကြောင်းတွေ့ရပါသည်။ ထို့အတူ လူအချင်းချင်း (သို့) ဘုရားသခင်ကိုသော်၎င်း အပြစ်တင် အပြစ်မြင်ရာမှ ဘုရားသခင်နှင့် အဆက်ပြတ် ခြင်း၊ လူအချင်းချင်း မခေါ်မပြောနိုင်ကြခြင်း၊ ရန်လိုခြင်း အစရှိသောပြဿနာများ ဖြစ်ပွားနေ သည်ကိုတွေ့ရှိရပါသည်။ အပြစ်တင်မြည်တမ်းခြင်းသည် မိမိ၏ အကျိုးကို ဆုံးရှုံးနစ်နာစေသည်။ ဣသရေလ အမျိုးသားများ၏ အကြိမ်ပေါင်းများစွာ အပြစ် တင်မြည်တမ်းသောအသံကို ထာဝရဘုရား ကြား၍အမျက်တော်ထွက်သောကြောင့် သူတို့ စစ်တိုက်သော်လည်း ရန်သူရှေ့မှာ စစ်ရှုံးခဲ့ရ သည်။ ထာဝရဘုရားရှေ့တော်၌ ငိုကေး သော်လည်း သူတို့၏ စကားကိုထာဝရဘုရား နားမထောင်။ ထို့ကြောင့်အပြစ်တင် မြည်တမ်း သံများသည် ဘုရားသခင်၏ ကောင်းကြီးကို လက်လွှတ်လိုက်ရပြီး မိမိအတွက် အကျိုးဆုတ် ယုတ်ခြင်းကိုသာ ဖြစ်စေကြောင်း တွေ့ရပါသည်။ မပြည့်စုံသောကျွန်ုပ်တို့လူသားများသည် အနည်းနှင့်အများ အပြစ်တင်မြည်တမ်းခြင်းကို ကြားနေရသလို မိမိကိုယ်တိုင်လည်း ပြုကျင့် နေကြရပါသည်။ သို့သော်ပြဿနာ၊ အခြေအ နေ၊ လူအချင်းချင်းအပေါ် မျက်စိဒေါက်ထောက် ကြည့်နေသမျှကာလပတ်လုံး အမြဲ ညည်းညူ စရာ၊ အပြစ်တင်စရာ၊ ပြောစရာတွေ့ရပေမည်။ ထို့ကြောင့်ဘုရားသခင်အား စေ့စေ့မျှော် ကြည့်ချိန်ကို ပိုပိုသာသာပေးလိုက်ပါက အ ပြစ်တင်မြည်တမ်းဖို့အချိန် လျော့နည်းလာပြီး လုံးဝရပ်တံ့သွားပေလိမ့်မည်။ ထို့အပြင် ကျွန်ုပ် တို့သည်အပြစ်တင်မြည်တမ်းခြင်းထက် ပြဿနာ ရဲ့အဖြေကိုရှာဖွေဖြေရှင်းတတ် သူဖြစ်ရန် အထူးကြိုးစားသင့်ပေသည်။ ဘုရားသခင်၏ အမှုတော်မြတ်အတွက် အကျွန်ုပ် အဘယ်သို့အသုံးခံမည်နည်း (သို့) ဘုရားသခင် စေခိုင်းထားသော အလုပ်တာဝန်များကိုသာ ရှာကြံလုပ်ဆောင်နေပါက အပြစ်တင်မြည်တမ်း ခြင်း ရပ်တံ့သွားပေလိမ့်မည်။ လက်တွေ့တွင် အနည်းငယ်လုပ်ဆောင်တတ်သူများသည် ကျယ်လောင်စွာ အပြစ်တင်မြည်တမ်းတတ် သောသူများဖြစ်သည် ဟူသောအဆိုကို အမြဲသတိရသင့်ပါသည်။ နာကျင်စေသောစကား အစား မျှော်လင့်ခြင်းခွန်အားနှင့် ပြည့် သောစကား ကိုသုံး ဆောင်ဖို့ရန် အထူးအရေးကြီးပေသည်။ (ဧဖက် ၄း၂၉)။(ဖိလိပ္ပိ ၂း၁၄္ထ၁၆)။
( ရှင်မဿဲ ၁၂း၃၆)။
ထို့အပြင်အကျိုးမဲ့သောစကား (အပြစ်တင် မြည်တမ်းသောစကား) လုံးတိုင်းကိုပြောလိုက် ခြင်းအားဖြင့် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရမည်ဖြစ်ကြောင်း အထူး သတိရပါ။အချုပ်အားဖြင့် မိမိ၏လျှာကို မိမိကိုယ်တိုင် အုပ်စိုးပါကဒုက္ခတွေ့မည်မလွဲပေ။ မိမိ၏လျှာကို ထာဝရဘုရားသခင်အား ထိန်းချုပ်ခွင့် ပေး မှသာလျှင် အပြစ်တင်မြည်တမ်းခြင်းကို ရပ်တံ့ နိုင်မည်။ ထို့ကြောင့် ၂၀၀၉ နှစ်သစ်၌ ဘုရား သခင်ထံ ခွန်အားအပြည့်ယူ၍ ငြီးငြူခြင်း၊ အပြစ်တင်မြည်တမ်းခြင်း၊ အပြစ်ရှာခြင်း၊ ငြင်း ခုံခြင်းအစရှိသော လုပ်ခြင်း ကို မိမိတို့အသက်တာမှဖယ်ရှားလျှက် အ ကောင်းဆုံးအသက်ရှင်သွားကြပါစို့။
စာဖတ်ရှုသူမိတ်ဆွေများအပေါ် ဘုရား သခင် ကောင်းကြီး ပေးပါစေ။
Tuesday, July 21, 2009
SMALL IS NICE
Pb Elemental Architecture is the company which designed this beautiful modern house with many limitations. First of all the budget was very tight but the clients family was large and still growing. The site is only 1600 square foot although the Elemental Architecture managed to fit everything needed on it. The house includes four bedrooms, two baths, an open kitchen, dining and living areas, an entry corridor, a utilities area, a large storage room and an accessory dwelling unit with a full kitchen, bath, laundry and closet. In the end the building footprint is only 790 square feet with building cost of $167/sf and beautiful modern interior design. [Pb Elemental Architecture]






Wednesday, July 8, 2009
Monday, July 6, 2009
ကမ္ဘာ့အချမ်းသာဆုံး လူမည်းအမျိုးသမီး (သို့မဟုတ်) အော်ပရာ ၀င်းဖရေး
အမေရိကန် ရုပ်မြင်သံကြားအစီအစဉ်များမှာ Talk Shows များကို လူကြိုက်များလှပါတယ်။ အစီအစဉ်တင်ဆက်သူတစ်ဦးက ဦးဆောင်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်များနဲ့ စကားဝိုင်းလေးတစ်ခု ဖန်တီးပြီး ၀ိုင်းဝန်း ဆွေးနွေးကြတဲ့အစီအစဉ်ကို Talk Show လို့ ခေါ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ လူတွေကို စိတ်ဓာတ်အားမြှင့်ပေးတဲ့ ခေါင်းစဉ်မျိုးတွေ၊ လူမှုပြဿနာတွေ၊ မိသားစုပြဿနာတွေ စတာတွေဖြစ်ပြီး အစီအစဉ်တင်ဆက်သူရဲ့တင်ပြမှုကောင်းပုံ ဟာသဥာဏ်ရွှင်ပုံတို့ အပေါ်မှာမူတည်ပြီး ထိုစကားဝိုင်းများသည် နာမည်ကြီးလာတတ်ပါတယ်။ ထိုသူများထဲမှ လူမည်းတစ်ဦးဖြစ်သူ အော်ပရာဝင်းဖရေးသည် ထူးထူးခြားခြား ဘ၀ကိုရုန်းကန်ကာ အောင်မြင်လာသူတစ်ဦး ဖြစ်ပါတယ်။(Oprah Winfrey) အော်ပရာဝင်းဖရေးကို ၁၉၅၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့၌ မစ္စစပီနယ်ရှိ ကော့စ်စီးယပ်ကိုမြို့တွင် အလွန်ဆင်းရဲသော လူမည်းမိသားစုတစ်စုမှ မွေးဖွားခဲ့တယ် ။ အမေဖြစ်သူ ဗာနစ်တာလီ က အိမ်ဖော်တစ်ယောက်ဖြစ်ပြီးတော့ အဖေဖြစ်သူ ဗာနွန်ဝင်းဖရေးက စစ်သားတစ်ယောက်ဖြစ်တယ်။ အော်ပရာဝင်းဖရေးကို ကိုယ်ဝန်ရချိန်၌ မိဘနှစ်ပါးက ဆယ်ကျော်သက်အရွယ်သာရှိသေးတယ်။ သူ့ကိုမွေးဖွားပြီးမကြာခင်မှာပဲ မိဘနှစ်ပါးက လမ်းခွဲခဲ့ကြတယ်။ သူ့အဖေက နောက်ပိုင်းမှာ စစ်တပ်ကနားပြီး ဆံပင်ညှပ်တဲ့သူ လုပ်နေတယ်။ ငယ်ငယ်က အော်ပါ့ (Orpah) လို့ မှည့်ထားပေမယ့် သူငယ်ချင်းတွေ အိမ်သားတွေက Oprah လို့ခေါ်ရင်း အော်ပရာ (Oprah) လို့ အမည်တွင်သွားတယ်လို့သူက ပြောပြတယ်။
သူ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ နိုင်ငံမြောက်ပိုင်းကို ခရီးထွက်သွားတယ်။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဟတ်တိုင်းအယ်လီနှင့် ခြောက်နှစ်အရွယ်ထိ နေထိုင်ခဲ့ရတယ်။ သူ့အဖွားကလည်း အလွန်ဆင်းရဲတယ်။ ၀င်းဖရေးအတွက်အင်္ကျီကို အာလူးသီးထည့်တဲ့ ဂုန်နီအိတ်များနဲ့ ချူပ်ပေးတယ်။ အဲဒီအင်္ကျီတွေကိုဝတ်ထားတဲ့ ၀င်းဖရေးကို အခြားကလေးငယ်များက နောက်ပြောင်ကြတယ်။ အဖွားက ၀င်းဖရေးကို သုံးနှစ်သားအရွယ်ကတည်းက စာဖတ်ဖို့သင်ပေးခဲ့တယ်။ အနီးနားရှိ ဘုရားရှိခိုးကျောင်းသို့ ခေါ်သွားတယ်။ ဘုရားကျောင်းရှိသူတွေက ၀င်ဖရေးရဲ့ သမ္မာကျမ်းစာကို သံနေသံထား မှန်မှန် သာယာနာပျော်ဖွယ် ရွတ်ဆိုတတ်လို့ “တရားဟောဆရာလေး”ဟု ချစ်စနိုး ခေါ်ကြတယ်။ အဖွားက ကြိမ်တုတ်လေးတစ်ချောင်းကို ကိုင်တတ်ပြီး ၀င်းဖရေး ဘုရားစာမရွတ်ဆိုဘဲ အမှားတစ်ခုခုလုပ်လျင် ၀င်ဖရေးကို ရိုက်တတ်တယ်။
ဝင်းဖရေး အသက် ၆ နှစ်ရောက်တော့ အမေဖြစ်တဲ့ဗာနစ်တာ ပြန်ရောက်လာပြီး အဖွားနေအိမ်ကနေ ၀စ်ကွန်ဆင်း (Wisconsin) ပြည်နယ်ထဲမှာရှိတဲ့ မေ၀ယ်ကီးမြို့(Milwaukee)ကို ခေါ်လာတယ်။ သူ့အမေက အိမ်ဖော်အဖြစ် တနေကုန်နီးပါး အလုပ်လုပ်ရတာကြောင့်မို့ သူ့အဖွားလောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အုပ်ထိန်းမှုကင်းမဲ့နေတဲ့ ကလေးငယ် ၀င်းဖရေးဟာ အသက် ၉ နှစ်အရွယ်မှာ ၀မ်းကွဲအကိုတွေ၊ ဦးလေးတွေ၊ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ်။
ဆင်းရဲပြီး ဆိုးရွားလှတဲ့ နေ့ရက်တွေကို ရင်ဆိုင်နေရစဉ်မှာပင် ၀င်းဖရေးက စာကြိုးစားတယ်။ အတန်းတွေမှာစာတော်လို့ တစ်တန်းပြီးတစ်တန်း ကျော်ပြီးတက်ရတယ်။ ဆရာဆရာမတွေက ၀င်းဖရေးကို စာတော်ပြီးသွက်လက်ချက်ချာလို့ ချစ်ကြတယ်။ အသက် ၁၃ နှစ်မှာ အထက်တန်းကျောင်းတစ်ခုကို တက်ရောက်ဖို့အတွက် ပညာသင်ဆု ချီးမြှင့်ခံရတယ်။ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရတဲ့ဝင်းဖရေးဟာ အပျိုပေါက်ဖြစ်နေတဲ့ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်မှု ၊ အဓ္ဓမကျင့်မှုတွေကြောင့် အပျိုဖော်ဝင်ကစ ၀င်းဖရေးမှာ ရင်သွေးငယ်ကို လွယ်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကလေးမွေးခဲ့ပေမယ့် အဖတ်မတင်ဖြစ်ခဲ့ရတယ်။ အဲဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ အမေက၀င်းဖရေးကို တန်နက်စ်ဆီးပြည်နယ်(Tennessee) ၊ နက်ခ်ျဗီလာ (Nashville) မှာနေတဲ့ ၀င်းဖရေးရဲ့အဖေ ဗာနွန်ဝင်းဖရေးဆီသို့ လွှတ်လိုက်တယ်။ သူ့အဖေက စည်းစနစ်ကြီးပြီး ပညာရေးကိုအားပေးလို့ ၀င်းဖရေးရဲ့ဘ၀ဟာ အပြောင်းအလဲတစ်ရပ် ဖြစ်လာတယ်။
EastNashville အထက်တန်းကျောင်းမှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး စာတော်လို့ ဂုဏ်ထူးဆောင်ကျောင်းသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။ သူက ကျောင်းရဲ့ ကျပန်းစကားပြောအဖွဲ့
(Speech Team) မှာ အထင်ရှားဆုံးကျောင်းသူ ဖြစ်လာခဲ့တယ်။ စကားပြောပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုရရှိခဲ့တယ်။ Tennessee State University ရဲ့ ပညာသင်ဆု ရရှိခဲ့တယ်။ အသက် ၁၇ နှစ် အရွယ်မှာ လူမည်းအလှမယ် (Miss Black Tennessee Beauty Pagent) အဖြစ်ရွေးခံရတယ်။ အဲဒီအချိန်မှာပဲ ပြည်တွင်းရေဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့ WVOL က အလုပ်လုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ထိုသတင်းဌာနမှာပဲ အထက်တန်းနှင့် ကောလိပ်ကျောင်းသားဘ၀ စာသင်နှစ် ၂ နှစ်တွင် လုပ်ကိုင်ခဲ့တယ်။ သူက အသက်အငယ်ဆုံးနဲ့ ပထမဆုံး လူမည်းအသံလွှင့်သူ တစ်ဦး ဖြစ်လာတယ်။သတင်းဌာနမှာ အလုပ်လုပ်ကိုင်တော့ အဖွားဖြစ်သူက တအံတသြမဖြစ်ခဲ့ဘူးလို့ဆိုတယ်။ ၀င်းဖရေးက ငယ်ငယ်ကတည်းက စကားပြောတတ်တယ်၊ စင်ပေါ်မှာလည်း ရဲရဲတင်းတင်းပြောတတ်တယ်လို့ အဖွားကပြောတယ်။ ငယ်ငယ်က အင်တာဗျူးအမေးအဖြေကစားတမ်းများ ကစားခဲ့တယ်လို့လည်း ပြောတယ်။ သူအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှုတွေကြောင့်လို့ ၀င်းဖရေးက ပြောတယ်။ “အဖွားက ကျွန်မကိုယ်ကိုအကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”။ ကလေးငယ်များကို လိင်အဓမ္မကျင့်မှုနှင့်သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ သူဟာ သူရဲ့ငယ်ဘ၀က အဓမ္မကျင့်ခံရမှုများကိုတင်ပြပြီး ဆွေးနွေးခဲ့တယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်၊ မိန်းကလေးငယ်များကို စိတ်ဓာတ်ရေးရာမြှင့်တင်ပေးဖို့ ဆွေးနွေးအကြံပြုထားပါတယ်။
သူဟာ ချီကာဂို(Chicago) ကို ၁၉၈၃ မှာ ပြောင်းရွှေ့နေထိုင်ပြီး AM Chicago မှာ မနက်ပိုင်း Talk Show တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာပင် အခြားသူများ၏ Talk Show များထက် ပိုမိုအောင်မြင်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး Oprah Winfrey Show လို့ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ယခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမားအတွက် မဲသန်းပေါင်းချီရရှိအောင် မဲဆွယ်ပေးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံးလူများတွင် သူသည် ထိပ်ဆုံးမှပါဝင်လာခဲ့ပါတယ်။ သူမရဲ့ ချမ်းသာကြွယ်ဝမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့တယ်။ ၁၉၉၉ တွင် ၇၂၅ မီလီယံ ($725 Million)ကြွယ်ဝမှုသည် ၂၀၀၉ ခုနှစ်တွင် ၂.၇ ဘီလီယံ( $2.7 Billion)ထိ တိုးလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်လာခဲ့တယ်။
“ရုန်းကန်ကြိုးစားမှုမရှိလျှင် အားအင်ဆိုတာလည်း မရှိနိုင်ဘူး” ဆိုတဲ့စကားကို သူက ပြောပြပြီး သူ့ရဲ့ဘ၀၊ ကြိုးစားအားထုတ်မှုတွေ၊ အောင်မြင်မှုတွေက သက်သေပြုပါတယ်။ အရာရာကို ကြောက်နေတတ်တဲ့ လူတွေရဲ့စိတ်ကို သူက ဒီလိုမြင်သတဲ့...“မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး၊ တကယ့်ကြောက်စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ” တဲ့...။ ကဲ ခင်ဗျားရော ဘ၀အတွက် ဘယ်လောက်ရုန်းကန်ပြီးပြီလဲ...။ အကြောက်တရားတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား...။
ထာဝရဘုရား၏စစ်ဆေးမှုကိုခံယူခြင်း ( ပြန်လည်တင်ပြခြင်း )
သုတ္တံကျမ်းတွင် မိမိ၏၀ိညာဉ်ခန္ဓာစစ်ဆေးရန်နှင့် ဆာလံဆရာကလည်း
ထာဝရဘုရားအား ဆရာဝန်အဖြစ်အားကိုးပြီး
မိမိကိုယ်ကို ဆေးစစ်ဖို့ဖိတ်ခေါ်သည်ကိုတွေ့ရသည်
ကျမ်းစာ .. ဆာလံ ၂၆း၂
(အို..ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံ စမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ)
သုတ္တံကျမ်း ၄း၂၀-၂၇
နိဒါန်း
ကျွန်ုပ်တို့အသက်တာတွင် လူသားများ မိမိ၏ ကျန်းမာရေးအတွက် နှစ်စဉ်ဆေးစစ်ကြသည်။
ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ဆေးပညာနည်းပညာများတိုးတက်ခေတ်မှီလာကာ
ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေးနိုင်ပြီးဖြစ်သည်။ အရင်ကဆိုလျှင် သိရသလောက် နား၊ မျက်စိ၊
နှလုံး စသည်ဖြင့် ဓါတ်မှန်ရိုက်စစ်ဆေးသည်။ သို့သော် ယခုကာလတွင် ခန္ဓာကိုယ်အတွင်း
အပြင်နေရာတိုင်းကို စစ်ဆေးနိုင်ပြီးဖြစ်သည့် ဌဒမပေ ကနေ ဗကူအမျေသကညိ နောက်ြွှျု တို့ ဃအျေခညေ
စသဖြင့် အများကြီးရှိသည်။
သို့ရာတွင် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာဆိုင်သော ခန္ဓာဆေးစစ်မှုကို ပြုလုပ်ဖို့ မေ့တတ်ကြသည်။
သုတ္တံကျမ်းတွင် မိမိ၏၀ိညာဉ်ခန္ဓာစစ်ဆေးရန်နှင့် ဆာလံဆရာကလည်း ထာဝရဘုရားအား ဆရာဝန်
အဖြစ်အားကိုးပြီး မိမိကိုယ်ကို ဆေးစစ်ဖို့ဖိတ်ခေါ်သည်ကိုတွေ့ရသည်။ သူ၏ဖန်ဆင်းတဲ့ သခင်က
သူ ခန္ဓာကိုယ်ကို အကြောင်းပိုသိတယ်၊ သူယုံတဲ့အတွက်ဖြစ်သည်။
ယနေ့ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို ဆေးစစ်ကြည့်ကြရအောင် ဖိတ်ခေါ်ချင်ပါသည်။
Ear(သုတ္တံ ၄း၂၀)
(ငါ့သား၊ ငါ့စကားကို နားထောင်လော့၊ ငါဟောပြောချက်တို့ကို နားသွင်းလော့၊ သင့်မျက်
မှောက်မှမကွာစေနှင့် ...)
နားထောင်၊ နားသွင်းလို့ဆိုထားပါတယ်။ တခါ တရံ သားသမီးများကို ဆုံးမလို့မရရင် နားကောက်
တယ်လို့ပြောတတ်ကြတယ်။
ကျွန်တော့်အဖေကတော့ ကျွန်တော်တို့ကို ဆုံးမလို့မရရင် ဘာပြောလဲဆိုတော့ ]ငါသား၊ ငါ့သမီး
ကနားတော့ရှိတယ်.. နားကအရွက်ပဲရှိတယ်.. အပေါက်မပါဘူး } လို့ပြောတယ်။ နားမ၀င်ဘူး၊ ၀င်
စရာအပေါက်မရှိလို့ပေါ့။
ခရစ်တော်ကလည်းပြောပါတယ်၊ ]နားရှိသော သူတို့ကြားပါစေတဲ့။
ဒါကြောင့် နားကောင်း၊ မကောင်းသိဘို့ကတော့ ]]ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့
ဗမသာေ ၀ိ ညာဉ် ရေး ရာ စာ စောင်
ကြားရဲ့လား၊ နားလည်ရဲ့လား၊ ဆိုတဲ့ မေးခွန်းနဲ့စစ်ဆေးနိုင်ပါတယ်။
အကြားအာရုံ မရှိတဲ့နားဟာ နားထိုင်း၊ နားလေး၊ နားပင်းလို့ပြောကြပါတယ်။ နားမထောင်ရင်
တော့ နားမ၀င်ရင်၊ မခံယူရင်တော့ နားကောက်တယ်၊ ကျွဲပါးစောင်းတီးတယ်လို့ ပြောတတ်ကြပါ တယ်။
ဒီနေ့ ကျွန်ုပ်တို့ရဲ့ နားကို နှုတ်ကပတ်တော်နဲ့ စစ်ဆေးပါ။ ဘုရားဖန်ဆင်းတဲ့ နားဟာအရွက်
ကပ်ထားရုံ ကပ်ထားတဲ့ နားမဟုတ်ပါ။ အလှမဟုတ်ပါ၊ ဘုရားက ကျွန်ုပ်တို့နဲ့စကားပြောချင်လို့
သူစကားကို ကြားဖို့ နားသွင်းဖို့ ဖန်ဆင်းထားတယ်ဆိုတာ မမေ့ဖို့ လိုအပ်ပါတယ်။
Eye (သုတုတ္တံ္တံ ၄း ၂၅)
(သင်၏မျက်စိသည်ရှေ့ရှုကြည့်၍ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့)
ဘုရားသခင်က ကျွန်တော်တို့ကို တည့်တည့်မတ်မတ်မှန်မှန်ကန်ကန် မြင်စေချင်တဲ့ဘုရားဖြစ်တယ်။
ဖန်ဆင်းထားတဲ့ မျက်စိအနေအထားကို ကြည့်လျှင်ရှင်းနေပါတယ်။ မျက်စိကို ရှေ့ကြည့်ဖို့ရှေ့မှာ ဖန်
ဆင်းထားပါတယ်။ နောက်ကိုကြည့်စေချင်ရင် ကြက်တွေလို နားတဖက်စီမှာ တစ်လုံးစီတတ်ဖို့ပဲရှိပါ
တော့တယ်။ စစ်ဆေးဖို့ကတော့ ]ဘုရားသခင်၏ဆုံးမမှုကိုကြည့်မှတ်လျက်} နေပါသလား ဒီနည်းလမ်းဟာ
ဖြင့် ကျွန်ုပ်တို့ရဲ့အသက်တာကို ဖြောင့်မတ်ဖို့ ပဲ့ပြင်ပေးမှာဖြစ်ပါတယ်။
မျက်စိပါလျက်နှင့် မမြင်လျင် ကြောင်တောင်ကန်းပေါ့ ... ဒါပေမဲ့လူတွေက အမြင်အာရုံနည်းသွား
မှာကိုတော့ စိုး၇ိမ်တတ်ကြပါတယ်။ မျက်မှန်၊ မျက်ကပ်မှန်၊ မျက်စိအားဆေးများကို အသုံးပြုပြီးကိုယ့်
မျက်စိကို ဂရုတစိုက်ပြုကြပါတယ်။
တခါတရံ လူသားများသည် မိမိ၏ အမြင်အာ ရုံကိုကာကွယ်ချင်တော့ တခြားအရာများကို ယမ်း
တတ်ပါတယ်။ (တယ် ... ဒီမျက်စိကမမြင်ဘူးလား ...) လို့ပြောတတ်ကြပါတယ်။ ခြေထောက်
ကသာ မြင်ရမယ်ဆိုလျှင် ဖုံဝင်လို့၊ အမှိုက်ဝင်လို့ ဒုက္ခအကြီးအကျယ်ရောက်မှာ ကိုတော့ မစဉ်းစားကြ
ပါဘူး။ ဖန်ဆင်းရှင်က သိလို့ သင့်တော်တဲ့နေရာမှာ သင့်တော်သလိုဖန်ဆင်းပေးထားခဲ့ဒါဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင်မြင်စေချင်တဲ့ ]မျက်စိ} ရှိရဲ့လားလို့ စစ်ဆေးဖို့လိုအပ်ပါတယ်။
Heart (း၂၃)
(ှနှလုံးသည်အသက်၏ အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကိုအထူးသဖြင့် စောင့်ရှောက်
ကြလော့)
အသက်ရှင်နေတယ်ဆိုတာ နှလုံးခုန်နေလို့ နှလုံးအားကောင်းပြီး အလုပ်လုပ်နေလို့ပေါ့ ... နှလုံး
ခုန်တာနဲ့ ရင်ခုန်တာ နဲ့တော့ မရောလိုက်ပါနဲ့၊ နှလုံး အားနည်းလာပြီဆိုရင်ရင်တော့ မောတတ်လာတယ်
..သွေးသွားမှု အားနည်းတော့ ပြာတတ်လာတယ်။ အသက်မရှိတဲ့လူတွေ အရောင်မရှိ၊ ပြာတယ်ဆိုတာ
နှလုံးကသွေးမပို့ပေးတော့လို့ဖြစ်တယ်။
နှလုံးအားကောင်းအောင် ကြိုးစားကြရဲ့လား၊ နှလုံးကိုကျန်းမာအောင်ကာကွယ်ရဲ့လား၊ သင့်ရဲ့ နှ
လုံးကို မကောင်းမှုမှကာကွယ်ရဲ့လား၊ နှလုံးကျန်းမာဖို့ စစ်ဆေးဖို့လိုအပ်ပါတယ်။
ဗမသာေ ၀၀ိ ညာာဥဉ် ရေရးး ရရာာ စစာာ စေစာာငင်
Togue (း၂၄)
(ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ်သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာပယ်ရှောင်
လော့)
ရှင်ယာကုပ်ကလည်း လျှာနှင့်ပတ်သက်ပြီး ဆုံးမထားတယ်.. (၃း၂-၁၂)။ လျှာဟာ အရေးကြီး
သလို အန္တရယ်လည်းကြီးတယ်လို့ဆိုထားပါတယ်။ သေးငယ်တဲ့ တက်မကဲ့သို့ သဘောင်္ကြီးတစ်ခုလုံး
ကို လှည့်ပတ်ထိန်းချုပ်နိုင်တယ်။
လျှာ.. နှင့်ပတ်သက်ပြီး ... မီးလောင်ရာလေပင့်၊ အချွန်နဲ့မ၊ ကုန်းအဆင်းမှာ ဘီးတတ်ပေး စသဖြင့်
ဆိုရိုးစကားတွေလည်းရှိတယ်မဟုတ်လား။ ထို့အပြင် လျှာကို အဆိပ်အတောက်နဲ့ခိုင်းနှိုင်းတတ်
ကြပါသေးတယ်။ ချီးမွမ်း ဖို့ ကျိန်ဆဲဖို့ ရာမှာလည်းလျှာပါဘဲ။
စစ်ဆေးဖို့ကတော့ လျှာ နှင့် ပါးစပ် သန့်ရှင်းရဲ့လား၊ ခံတွင်းကျန်းမာရေးက အလွန်အရေးကြီး
ပါတယ်။
Foot
(သင်သွားရာလမ်းကို စူးစမ်း၍ သွားလေရာ၌ တည်ကြည်ခြင်းရှိစေလော့၊ လက်ယာဘက်၊
လက်ဝဲဘက်သို့ မတိမ်းမလွဲနှင့်၊ ဒုစရိုက်ပြုရာလမ်းကို ရှောင်လော့)
ခြေထောက်ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ]အတွေ့အကြုံ၊ အောက်ခြေမခိုင်ဘူး၊
အောက်ခြေလွတ်တယ်} ဆိုတဲ့ အသုံးအနှုန်းတွေဟာ ခြေထောက်နဲ့ပတ်သက်တဲ့ ဆိုရိုးစကားတွေ
ဖြစ်ပါတယ်။ နောက်ပြီးတော့ ]]ရှေ့ကနွား ဖြောင့်ဖြောင့်သွားတော့ နောက်ကနွားလည်း ဖြောင့်ဖြောင့်
လိုက်}} ဆိုတဲ့ဆိုရိုးစကားတွေလည်း ရှိတယ်မဟုတ်လား။
မိမိကိုယ်ကို ဘုရားသခင်ရဲ့ အလိုတော်လမ်း၊ သွန်သင်သောလမ်းကို မသွေမတိမ်း၊ မယိမ်းမယိုင်
လိုက်လျှောက်နေသလား၊ ဆိုတာကို စစ်ဆေးဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့အတွက်သာမဟုတ်ဘဲ ကျွန်တော် တို့နဲ့အတူ လျှောက်နေသောသူ^နောက်လိုက်
သောသူများ အတွက်လည်း ကျွန်တော်တို့၏ ခြေထောက်ကိုစစ်ဆေးသင့်ပါတယ်။
နိဂုံး
အကောင်းဆုံးဆရာဝန်ကတော့ ဘုရားသခင်ဘဲဖြစ်ပါတယ်။ ဆာလံ ၂၈း ၆-၈ မှာ ]]ထာဝရ
ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း၊ ငါတောင်းလျှောက်သောအသံကို နားထောင်တော်မူပြီ၊ ထာဝရ
ဘုရားသည် ငါ၏ ခွန်အားဗလ၊ ငါ၏အကွယ်အကာဖြစ်တော်မူ၏၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍
ငါ့ကိုစောင့်မတော်မူသောကြောင့် ငါ့ နှလုံးသည် ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါ
ချီးမွမ်းမည်။ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏}} ဟုဆိုထားပါသည်။ စာဖတ်သူ
မိတ်ဆွေအပေါင်း အကောင်းဆုံးသမားတော်ကြီးဖြစ်သော ထာဝရဘုရားသခင်ထံတွင် မိမိကိုယ်ကို
အစဉ်မပြတ်စစ်ဆေးမှုကို ခံယူနိုင်ကြပါစေ...
-လင်း ပုသိမ်
ရှင်ယောဟန် ( ပြန်လည်တင်ပြခြင်း )
ရှင်ယောဟန်သည် ဇေဗေဒဲ(Zebedee) ၏ သားဖြစ်လေသည်။ ခရစ်တော်သည် ရှင်ယောဟန်ကို အစ်ကို ဖြစ်သူ ယာကုပ် (James "The Great") နှင့် အတူ သာသနာပြုခရီးများအတွက် နောက်လိုက်တမန်တော်အဖြစ် ခန့် အပ်ခဲ့သည်။ ရှင်ယောဟန်ကို ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထုတို့ ၌ ထင်ရှားသော တမန်တော် အဖြစ် ဖော်ပြခဲ့သည်။ ရှင်ယောဟန် နှင့် သူ၏အစ်ကိုဖြစ်သူ ယာကုပ်ကို ဗောနေရဂက် (”Boanerges”) ဟု ခရစ်တော်က ချစ်စနိုးအမည်ပေးခေါ်ဝေါ်ခဲ့သည်။ Boanerges မှာ မိုးကြိုးသား (Sons of Thunder) ဟု အဓိပ္ပါယ်ရလေသည်။ စိတ်မထိန်းနိုင် ဒေါသထွက်လွယ်သဖြင့် ယင်းကဲ့သို့ အမည် ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။ ယာကုပ်ထက် အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း ဗတ္တိဇံယောဟန်ထံတပည့်ခံခဲပြီးမှ ခရစ်တော်နောက်သို့  လိုက်ခဲ့ဟန်တူလေသည်။

ပုံ(၁) ။ ။ ရှင်ယောဟန်
ရှင်ယောဟန်သည် ခရစ်ယာန်ဘာသာ အတွက် လွန်စွာမှ အရေးပါသော ပုဂ္ဂိုလ်ဖြစ်လေသည်။ လေးခုမြောက်သော ခရစ်ဝင်ကျမ်းအပြင် ”ရှင်ယောဟန် သြ၀ါဒစာ”၊ ”ဗျာဒိတ်ကျမ်း“ တို့ ကို ရေးသားခဲ့လေသည်။ ကျမ်းစာပညာရှင် တစ်ချို့ က ထိုကျမ်းများအားလုံးကို ရှင်ယောဟန် ကိုယ်တိုင် ရေးသားခြင်းကို သံသယရှိသော်ငြားလည်း ရှင်ယောဟန်၏ ခရစ်ယာန်သမိုင်း၌ ပါဝင် ပေးဆပ်ခဲ့မှုများကိုကား ငြင်းနိုင်လိမ့်မည်မဟုတ်ချေ။ ကျမ်းစာများ၌ ရှင်ယောဟန်နှင့် ယာကုပ်တို့ အား အခြားသောတမန်တော်များထက် ပို၍ အရေးပါအရာရောက်သော သူများအဖြစ် ဇောင်းပေးဖေါ်ပြခဲ့သည်။
ရှင်ယောဟန်သည် တရားဇရပ်မှူး သမီးအား ရှင်သန်ထမြောက်စေသည့် အချိန်၌ ခရစ်တော်နှင့်အတူ ရှိနေခဲ့သည်။ ခရစ်တော် Tabor တောင်ပေါ်၌ အဆင်းသဏ္ဌန်ပြောင်းချိန်၌လည်း ရှိနေခဲ့သည်။ ခရစ်တော် အဖမ်းမခံရမှီ ဂေသရှင်မာန် ဥယာဉ်၌ ဆုတောင်း နေစဉ်အချိန်၌လည်း ခရစ်တော်နှင့် အတူ ရှိနေခဲ့သည်။ သူသည် ခရစ်တော်ရှင်ပြန်ထမြောက်သည် ကို အကြွင်းမရှိယုံကြည်ခဲ့သော တမန်တော်များအနက် တစ်ပါးအပါအ၀င်ဖြစ်ပြီး ဂင်္နေသရက်(Gennesaret) ကမ်းစပ်၌ ခရစ်တော်မှ ကိုယ်ထင်ပြစဉ် သခင့်အား ပထမဦးဆုံး မှတ်မိသိရှိသူဖြစ်သည်။ သမိုင်းဓါတ်ပုံများကို ကြည့်ရှု့ လိုလျင် မြင့်မြတ်သောနေရာသို့ အလယ်တစ်ခေါက်ကို ကြည့်ရှု ပါ။
ကျမ်းစာထဲ၌ ဖော်ပြထားချက်များမှ လွဲ၍ ရှင်ယောဟန်၏ အခြားသော အကြောင်းများကို သိရှိရန် မလွယ်ကူလှ။ သူဘယ်သူဘယ်ဝါ အတိအကျကိုသော်လည်းကောင်း၊ သူ၏ သက်မွေးဝမ်းကြောင်း ကို သော်လည်းကောင်း မသိရပေ။ တမန်တော်ကြီးရှင်ပေါလုက ရှင်ယောဟန်သည် ကနဦး ဂျေရုဆလင် အသင်းတော်အား တည်ထောင်ရာတွင် အခြေခံအုတ်ဖြစ် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဆိုရိုးစကားများအရ ကနဦး အသင်းတော်များကို တည်ထောင်ခဲ့သော၊ စမုရန(Smyrna) အသင်းတော်ကြီး၏ ဘုန်းတော်ကြီး ဖြစ်ခဲ့သော ပိုလီကပ်(Polycarp) ကို ရှင်ယောဟန်ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ သို့ ဖြစ်၍ ကနဦးအသင်းတော်များသည် ပိုလီကပ်၊ ရှင်ယောဟန် ကဲ့သို့ သော တမန်တော်များမှတဆင့် ခရစ်တော်နှင့် ဆက်နွယ်ခဲ့လေသည်။
ဆိုစကားများအရ ရှင်ယောဟန်သည် မယ်တော်မာရိနှင့် အတူ ဧဖက်(Ephesus) မြို့ သို့  ရွေ့ ပြောင်း နေထိုင်၍ အသက်ကြီးရင့်သောအခါ ဘုန်းတော်ဝင်စားလေသည်။ ရှင်ယောဟန်သည် (အခြားအနည်းငယ်သော ခရစ်တော်၏တမန်တော်များနည်းတူ) ကွပ်မျက်ခံရခြင်းဘေးမှ ရှားရှားပါးပါး လွတ်မြောက်ခဲ့သည်။ မော်(ရ်)မွန် (Mormon) များ၏ ယုံကြည်ချက်အရမူ ရှင်ယောဟန်သည် အသက်ရှင်ဆဲဖြစ်ပြီး ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာမည့် အချိန်ကို စောင့်စားနေလေသည်။
ဝန်ခံချက်။ အင်တာနက်မှ ရှာဖွေ တင်ပြခြင်း ဖြစ်သည်။
နာမတော်မြတ်၌
လှမင်းသူ
Friday, July 3, 2009
God's View
Read Psalms 74:1 through 78:72
Rachel took a daily walk. It obviously helped her health, but it also was a time for her to think and pray. She had been asking the Lord for a change in her job situation for over five years. Each time her foot hit the ground she asked God, “Why?” Wasn’t she living a life to honor Him? She saw no change in her situation, but she continued to walk.
Your ways, O God, are holy. What god is so great as our God? (Psalm 77:13).
We get discouraged when our prayers aren’t answered. Sometimes we demand an answer in our timetable and to our liking. However, we must remember God has a perspective we do not have. If we could see through His telescope we would understand and never doubt. The Psalmist knew God answers prayer.
Just as Rachel continued to walk even though she couldn’t see the answer, we have to continue to trust. With every step of life we must remember God has heard our prayer in the past and He will again.
Prayer Suggestion: Lord, today I will look for Your perspective and depend on Your view rather than my own.
Quicklook: Psalm 77:1–20
Renewal Of Faith (fr. faith minister)
Background
Faith is the key to unlocking the promises of God. As Christians we should review the promises of God and study the Holy Word daily. This enables every believer to walk in peace knowing that God is in control.
Scriptures
Now faith is the substance of things hoped for, the evidence of things not seen. – Hebrews 11:1 (NKJV)
For I say, through the grace given tome, to everyone who is among you, not to think of himself more highly than he ought to think, but to think soberly, as God has dealt to each one a measure of faith. – Romans 12:3 (NKJV)
But without a faith it is impossible to please Him, for he who comes to God must believe that He is, and that He is a rewarder of those who diligently seek Him. – Hebrews 11:6 (NKJV)
So then faith comes by hearing, and hearing by the word of God. – Romans 10:17 (NKJV)
For indeed the gospel was preached to us as well as to them, but the word which they heard did not profit them, not being mixed with faith in those who heard it. – Hebrews 4:2 (NKJV)
For in it the righteousness of God is revealed from faith to faith; as it is written, “The just shall live by faith.” – Romans 1:17 (NKJV)
Jesus said to him, “If you can believe, all things are possible to him who believes.” – Mark 9:23 (NKJV)
Then He touched their eyes, saying, “According to your faith let it be to you.” – Matthew 9:29 (NKJV)
For we walk by faith, not by sight. – 2 Corinthians 5:7 (NKJV)
…that you do not become sluggish, but imitate those who through faith and patience inherit the promises. – Hebrews 6:12 (NKJV)
Thus also faith by itself, if it does not have works, is dead. But someone will say, “You have faith, and I have works.” Show me your fiath without your works, and I will show you my faith by my wordks. – James 2:17,18 (NKJV)
By faith Moses, when he was born, was hidden three months by his parents, because they saw he was a beautiful child; and they were not afraid of the king’s command. – Hebrews 10:23
Confession
1. Everyone has some level of faith, including me.
2. I am pleaseing God in my faith.
3. My faith grows through the Word of God.
4. The Word of God is working in me because of my faith.
5. Faith is a choice I make.
6. What I believe is what I get!
7. There aren’t any limits on what my faith can produce.
8. I walk by faith and not by the circumstances around me.
9. My faith must be mixed with patience (the ability to wait with the right attitude).
10. I will exercise my faith that works by love (Godly character).
11. I will exercise my faith with actions that line up with my beliefs.
12. My faith is released by the words of my mouth.
A Desire For Faithfulness (fr. Minister fatih)
My pastor gave a moving message on Sunday and I couldn’t help but chew on it diligently. It was actually a continuation of what he has been teaching since the beginning of the year. The only difference is it was another building block for me to move forward in faith with God.
Am I faithful?
God is faithful to all of His children. He was faithful in blessing Abraham and Sarah with a son. He was faithful in delivering the Israelites out of Egypt. He was faithful in giving his Son as a ransom for our sins and raising him up on the third day as promised. He has been faithful in so many things, but are we faithful to him?
I never truly thought about this question until now. We all expect God to do for us simply because. I am sure we haven’t thought too much of being reciprocal in our faith and obedience to him. Just as man expects us to carry out an agreement with him, God would love for us to do the same for him. But do we love God enough to follow his commands and show our faithfulness towards him? Do we honestly have enough reverential love and respect for him to follow through?
Love the Lord
I cannot deny that I love the Lord. I love him deeply and it is my strongest desire to show myself faithful to him. Every single day I am amazed at how God has walked with me in my own life. Each day I see another piece of his wonder and devotion to his children.
He promised Noah that he wouldn’t destroy the earth with another rain storm. A promise that has been upheld with a simple reminder of a beautiful rainbow.
Over time I have learned that God is truly my Father, my Daddy. Because he is my Daddy he will go over and beyond to care for me. What can I do to show my appreciation to him for his love towards me? How can I behave more like his daughter and show myself faithful towards him?
How so?
How can we show ourselves faithful to God? This is a question that I am still learning the many answers to. But there is one thing I know for sure…because I desire to know, my Daddy will show me!
I will keep in touch!
ရိုးရှင်းသော သမ္မာကျမ်းစာဖတ်နည်း (from Judson blog)

ရိုးရှင်းသော သမ္မာကျမ်းစာဖတ်နည်း
ိုအကျမ်းစာအုပ်ဟာ တခြားစာအုပ်တွေလိုမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ထာဝရဘုရားနဲ့ သားတော် သခင်ယေရှုအကြောင်းတွေကို ထုတ်ဖေါ်ရေးထားခြင်းဖြစ်ပါတယ်။ နေရာတိုင်းမှာရှိနေတဲ့ လူအများများအတွက် သတင်းကောင်းဖြစ်ပါတယ်။ သမ္မာကျမ်းစာ ရေးသားချက်များကို နားလည်သဘောပေါက်ပြီး ကျွနိုပ်တို့ နေ့စဉ်ဘ၀၊သွားလာလှုပ်ရှားမှုများမှာ အသုံးချရန်ဖြစ်ပါတယ်။ ခရစ်ယာန်တစ်ဦးအတွက် ပုံမှန်ကျမ်းစာဖတ်သင့်ပါတယ်။ သမ္မာကျမ်းစာဖတ်ခြင်းကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ အရေးပါလုပ်ငန်းအဖြစ် သတ်မှတ်ခြင်း နဲ့အတူ ကျွန်ုပ်တို့လပ်ချက်များကို ဘုရားသခင်ရဲ့ အလိုတော်သို့ ဆပ်ကပ်ခြင်းဖြစ်တာနဲ့ ထာဝရဘုရားဟာ ကျွနိုပ်တို့ဖတ်ရှုချက်များကို အဓိပ္ပါယ်ဖွင့်ပြမှာဖြစ်ပါတယ်။
အခုရေးပြတဲ့ ရိုးရှင်းသော သမ္မာကျမ်းစာဖတ်နည်းအားဖြင့် သမ္မာကျမ်းပိုဒ်တခုစီ ဖတ်သမျှ အကျိုးကျေးဇူးရရှိအောင် ကျွနိုပ်တို့ အသုံးချနိုင်ပါတယ်။
ဆုတောင်းခြင်း
ဘုရားထံကို သင့်ထံစကားပြောရန် တောင်းဆိုပါ။ ဆာလံ ၁၁၉း၁၈ "တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊"
ဖတ်ရှုခြင်း
ဘာကိုဆိုလိုသလဲ ဆိုတဲ့အချက်ကို သိရန်အတွက် ကျမ်းပုဒ်ကို သေချာစွာဖတ်ပါ။ ဖတ်ပြီးရင် ထပ်မံဖတ်ရှုပေးခြင်းအားဖြင့် ပို၍ သိရှိနားလည်၊ ခွန်အားရစေပါ။
ပြန်လည်စဉ်းစား၊အာရုံပြုခြင်း
အဓိက အချက်ကဘာကို ဆိုလိုသလဲ? ဘုရားသခင်အကြောင်းကို ဘယ်လို သွန်သင်ထားသလဲ၊ သခင်ယေရှုအကြောင်းလား၊ သန့်ရှင်းသောဝိညာဉ်အကြောင်းလား ? ပြီးတော့ အထူးဖေါ်ပြထားတဲ့ ကောက်နှုတ်ချက်၊ ဂတိတော်၊ သတိပေးချက် သို့မဟုတ် ပုံဥပမာ စတဲ့အချက်တွေကို ရေးမှတ်ထားပါ။ ကျွနိုပ်တို့ လက်ရှိအခြေအနေ၊ ကွနိုပ်တို့ နေ့စဉ်ဆက်ဆံပြောဆိုမှုများမှာ ကျမ်းစာအားဖြင့် ကျွနိုပ်တို့ အတွင်းစိတ်မှာ ဘယ်လို သစ်လွင်တဲ့အမြင်တွေ ရရှိသွားပါသလဲ ?
လုပ်ဆောင်ခြင်း
လက်တွေ့လုပ်ဆောင်ခြင်းမှာ ဘယ်လိုအသုံးချမလဲ၊ အသုံးချခဲ့ခြင်း၊ ဆက်လက် ကျင့်သုံးရန်။
ဆုတောင်းခြင်း
ဖတ်ရှုပြီးချက်များအားဖြင့် ချီးမွှမ်းပါ။ ၀န်ခံချက်ပေးခြင်း အားဖြင့် မိမိအတွက်သာမက၊ မိမိနှင့်ဆက်ဆိုင်သူများအား ဆုတောင်းပေးရန်.
သမ္မာကျမ်းစာမှ ပေးသော အကူအညီပေးခြင်း (ကျမ်းပိုဒ်အချို့)
သင်ရှေ့ဘ၀ခရီးစဉ် မသေချာ၊မရေရာ ဖြစ်နေပါသလား မဿဲ ၆း၂၅-၃၄ ဆာလံ ၁၂၁
သင်သည် စုံစမ်းနှောက်ရှက်ခြင်းကို ခံနေရလျှင်
၁ကော ၁၀း၁၃၊ ရှင်ယာကုပ် ၁း၂-၆၊ ဆာလံ ၁၃၉၊ မဿဲ ၄း၁-၁၁
သင်သည် မှားယွင်းမှုတခုခုကို လုပ်မိခဲ့လျှင်
ဆာလံ ၅၁၊ ရောမ ၇း၁၉-၂၅
အခက်အခဲ၊အကြပ်အတည်းထဲ ရောက်နေလျှင်
ယောရှု ၁း၅-၉၊ ၂ရာ၂၂း၂-၇၊ ဟေရှာယ ၅၅
မိသားစု ပြဿနာနှင့် ကြုံနေရလျှင်
လုကာ ၁၅း၁၁-၃၂၊ ဧဖက် ၆း၁-၎
ဘုရားသခင်၏ အလိုတော်ကို သိလိုလျှင်
မိက္ခာ ၆း၆-၈၊ မဿဲ ၇း၇-၁၂
ဘယ်လို ဆုတောင်းမလဲ
မဿဲ ၆း၅-၁၄၊ ရှင်ယုဒ ၅း၁၃-၁၈
အားနည်းနေချိန်
ဆာလံ ၁၃၀၊ ရှင်ယောဟန် ၁၄း၁၅-၂၀
ချစ်ကိစ္စများအတွက်
ဆော်လမွန်သီချင်း ၂း၁၀-၁၄၊ ၈း၆-၇
ဘုရားသခင်းကို ယုံမှားခြင်းဖြစ်လာလျှင်
တမန် ၁၇း၂၂-၂၈၊ ယေယမိ ၂၉း၁၁-၁၃
ငွေကြေးအခက်အခဲကြုံလျှင်
၁တိမောသေ ၆း၆-၁၂၊ လုကာ ၁၂း၁၃-၂၁
တဦးဦးမှာ နာကြင်မှု၊ စော်ကားမှု လုပ်ခြင်းခံရလျှင်
၁ပေ ၃း၈-၁၇၊ ၁ ကော
ဆုံးရှုံးခြင်းများ ကြုံတွေ့စဉ်
၁ကော ၁၅း၅၀-၅၈၊ ၁သက်သာလောနိ ၄း၁၃ - ၅း၂၈၊ ဗျာဒိတ် ၂၁း၂၂
မကျန်းမာ၊ဖျားနာစဉ်
ဆာလံ ၆၊ ဟေရှာယ ၂၆၊ ရှင်ယာကုပ် ၅း၁၃-၁၆
ကျေးဇူးတော်ချီးမွမ်းလျှက်
... The End ......
ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်( from Judson Church singapore blog)

ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
| နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ် | ||
|---|---|---|
| ၁၇၈၈ | သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။ | |
| ၁၈၀၄ | ၁၆နှစ် | ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။ |
| ၁၈၀၇ | ၁၉နှစ် | ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။ |
| ၁၈၀၇ | ၁၉နှစ် | အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက် မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။ |
| ၁၈၀၈ | ၂၀နှစ် | ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်း ဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း Andover Seminary တွင်ဆက်လက်တက်ခဲ့သည်။ |
| ၁၈၀၉ | ၂၁နှစ် | Plymouth အသင်းတော်တွင် ပါဝင်ပြီး ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေး တိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ |
| ၁၈၁၁ | ၂၃နှစ် | လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။ |
| ၁၈၁၂ | ၂၄နှစ် | အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ သင်္ဘောဖြင့် အိန္နိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။ |
| ၁၉၁၃ | ၂၅နှစ် | ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။ |
| ၁၈၁၆ | ၂၈နှစ် | မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်၊ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်ဝင် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။ |
| ၁၈၁၉ | ၃၁နှစ် | လူထုတရားပွဲများ ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။ |
| ၁၈၂၀ | ၃၂နှစ် | ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်ဝချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။ |
| ၁၈၂၃ | ၃၅နှစ် | ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။ |
| ၁၈၂၄ | ၃၆နှစ် | အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ |
| ၁၈၂၆ | ၃၈နှစ် | သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။ |
| ၁၈၃၄ | ၄၆နှစ် | ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။ |
| ၁၈၃၅ | ၄၇နှစ် | ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။ |
| ၁၈၃၅ | ၄၇နှစ် | အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅) ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။ |
| ၁၉၄၅ | ၅၇နှစ် | မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။ |
| ၁၈၄၆ | ၅၈နှစ် | အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။ |
| ၁၈၅၀ | ၆၂နှစ် | ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀ |
ဘုရားဖြစ်ကြောင်းသက်သေ နှင့် ဘုရားထံနာခံခြင်း

ဘုရားဖြစ်ကြောင်းသက်သေ နှင့် ဘုရားထံနာခံခြင်း
နာမည်ကျော် ဓါတ်ပုံတပုံပါ။
အင်အားကြီးမားတဲ့ ခွေးဘလူးကြီးများကြားမှာ သတ္တိရှိစွာ အမြှီးထောင်၊အသေခံ လမ်းလျှောက်ရဲတဲ့ ကြောင်တကောင်ရဲ့ ယုံကြည်မှုကိုဖေါ်ပြတဲ့ပုံပါ။ ကြောင်ရဲ့ယုံကြည်မှုအားကြီးခြင်းကို မြင်နိုင်ပါတယ်။
အခြားအဓိပ္ပါယ်တမျိုးကတော့ ခွေးဘီလူးကြီးများရဲ့ အံ့သြဘွယ် နာခံမတတ်မှုကြောင့်ပါ။ သူတို့ရဲ့ သခင့်စကားကို နားထောင်တယ်။ သူတို့အလုပ်က မယောင်ရာဆီလူး .. ကိုယ်လုပ်ချင်တာ လျှောက်လုပ်ဖို့မဟုတ်ဘူး။ ခွေးဆိုမှတော့ ကြောင်ကို လိုက်ကိုက်ချင်တာ သဘာဝဗီဇပေမဲ့ သခင်က မလုပ်နဲ့ပြောထားခြင်းကို နာခံနေကြပါတယ်။ ကျွန်တော်တို့ဟာ သိုးသငယ်လို နာခံတတ်ရန် ဘုရားရှင်ပြောခဲ့ပေမဲ့ လူ့ဗီဇအတိုင်း ခွေးဘီလူးလိုပဲ အင်အားကြီးလိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် နာခံတတ်တဲ့ခွေးဖြစ်လို့ သခင်ကမြှောက်စားပြီး လေလွင့်ခွေး၊ သာမန်ခွေးဘ၀မရောက်ပဲ အင်အားကြီးတဲ့ခွေးဘီလူး Polic Dogs ဘ၀ရရှိပါတယ်။ နာခံတတ်တဲ့ ခွေးများအတွက် ကောင်းကောင်းနေထိုင်စားသောက်ရခြင်း အကျိုးကျေးဇူးကို ရပါတယ်။
ဒါကတော့ လောကမှာအောင်မြင်ခြင်းရဖို့ နာခံခြင်း ဥပမာဖြစ်ပါတယ်။ (လောကအောင်မြင်ခြင်း ဆိုတာ ငွေ၊ဂုဏ်၊ရာထူးအဓိကလား - ၀ိညာဉ်ရေးရာက အဓိကလား ဆိုတာ တွေးကြည့်ကြပါ။) ကျွန်တော်တို့ဟာ တကယ်တော့ ဘုရားရှင်ကို နာခံတတ်သူ သိုးသငယ်များအဖြစ်အသက်ရှင်ရင် လောကမှာ အင်အားကြီး၊ငွေ၊ရာထူး မချမ်းသာတောင်မှ စိတ်ဝိညာဉ်ချမ်းသာတဲ့အပြင် ထာဝရအသက်ဆိုတဲ့ ကောင်းကင်ဘုံကို ရောက်မှာသေချာစိတ်ချမှုကို ရရှိပါတယ်။ သေမှာတောင် မကြောက်တော့တဲ့ ရှင်ပေါလုကဲ့သို့ စိတ်ဝိညာဉ် ငြိမ်သက်ခြင်းကို ရမှာဖြစ်ပါတယ်။
ကမ္ဘာ့မှာ လူပေါင်းများစွာကို အချိန်တိုတိုအတွင်း ပြောင်းလဲသွားအောင် သြဇာကြီးမားလှတဲ့ လူသား ၁၀၀ အကြောင်း ရေးထားတဲ့စာအုပ် The 100: A Ranking of the Most Influential Persons in History မှာ သခင်ယေရှုကိုနံပါတ်၂ အဖြစ်သတ်မှတ်ထားပါတယ်။ သခင်ယေရှုကို သုတေသန စာရေးဆရာ Michael H. Hart ရဲ့ မှတ်ချက်ကတော့ "ယေရှုဟောတဲ့တရားတွေဟာ အလွန်ကောင်းမြက်၊မှန်ကန်လှပေမဲ့ သူပြောတဲ့အတိုင်း ကျင့်နိုင်တဲ့လူသားဆိုလို ဒီလောကမှာ ယေရှု တယောက်ပဲ ပေါ်ထွန်းသေးတယ်" လို့ရေးထားပါတယ်။ ဟုတ်ပါတယ်။ လူသား တယောက်မှ မလုပ်နိုင်တဲ့ အလုပ်၊ မကျင့်နိုင်တဲ့ ကျင့်ဝတ်တွေကို လုပ်ဆောင်၊ကျင့်ကြံပြနိုင်သူဟာ လူသားမဟုတ်ဘူး၊ တမန်တော်လည်း မဟုတ်ပါဘူး၊ ဘုရားစစ်စစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ယေရှုဟာ လူသားအဖြစ် လောကကို ကြွလာတဲ့ ဘုရားစစ်စစ် ဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြပါတယ်။ သခင်ယေရှုဟာ လူလို သံဝါသမရှိပဲ သန့်ရှင်းသောဝိညာဉ်မှ သန္ဓေတည်မွေးဖွားခဲ့ခြင်း၊ လူသားများအတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီး ပရောဖက်များနမိတ်အတိုင်း ၃ရက်မြောက်သေနေ့မှာ အံ့သြဖွယ် ရှင်ပြန်ထမြောက်ခဲ့ခြင်းပြီး ရက်၄၀ တပည့်တော်များနဲ့ သွားလာ စားသောက်၊ဒေသနာဟောကြားခြင်း နဲ့ နောက်ဆုံ လူများစွာ မျက်စေ့ရှေ့မှာ ကောင်းကင်ဘုံသို့ တက်ရောက်သွားခြင်း စသည်တို့ဟာ သာမန်လူ၊ ဖုတ်တစ္ဆေ မလုပ်နိုင်တဲ့အလုပ်တွေဆိုတော့ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာတဲ့အထိ သခင်ယေရှုဟာ ဘုရားစစ်စစ်ဖြစ်ကြောင်း ခိုင်လုံတဲ့ သမိုင်းသက်သေတွေပါ။
သခင်ယေရှုဟာ ဘုရားဖြစ်တယ်။ ခမည်းတော်၊ သားတော် (သခင်ယေရှု) နဲ့ သန့်ရှင်းသောဝိညာဉ် ၃ပါးပေါင်းပြီ သုံးပါးတဆူ ထာဝရဘုရားကို နာခံကိုးကွယ်ဖို့ပါ။
ကျွန်တော်တို့ ပညတ်တရားတွေကို တအား၊အတင်းလိုက်နာကျင့်နေရင်တာကောင်းပါတယ်။ သို့သော်လည်း ယေရှုနဲ့ တူနိုင်သမျှတူအောင် ကျင့်ကြံဖို့ရာ ကျွန်တော်တို့ ဇွတ်အတင်းလိုက်မကျင့်ပဲ ယုံကြည်မှုနဲ့ ယေရှုဟောကြားခဲ့တဲ့ တရားဒေသနာတွေကို သခင်အဖြစ် နာခံခြင်း နဲ့ လိုက်နာကျင့်ကြံတာက ပိုပြီးထိရောက်ပါတယ်။
ဘာပဲဖြစ်စေ .. ယေရှုတရားတော်များကို နာခံခြင်း Obey အကျိုးကတော့ အခုလက်ရှိဘ၀မှာပဲ ကြွယ်ဝချမ်းသာသော ခန္တာ၊စိတ်ဝိညာဉ် ရမှာဖြစ်တဲ့အပြင် - နောင်ဘ၀မှာလည်း ထာဝရအသက်ကို ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားစစ်စစ်ဖြစ်တဲ့ ယေရှုနာမတော်များကို နာခံခြင်းနဲ့ ဘ၀ခရီးကိုလျှောက်စေလိုပါတယ်။
ဖတ်ရှုသူတိုင်းကို ဘုရားသခင် ကောင်းကြီးမင်္ဂလာကျရောက်ပါစေ။
ဇော်အောင် (မုံရွာ)
၁၅-ဇွန်လ-၂၀၀၉



















Immanuel Baptist Church @ Yangon, Myanmar



