
ရိုးရှင်းသော သမ္မာကျမ်းစာဖတ်နည်း
ိုအကျမ်းစာအုပ်ဟာ တခြားစာအုပ်တွေလိုမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ထာဝရဘုရားနဲ့ သားတော် သခင်ယေရှုအကြောင်းတွေကို ထုတ်ဖေါ်ရေးထားခြင်းဖြစ်ပါတယ်။ နေရာတိုင်းမှာရှိနေတဲ့ လူအများများအတွက် သတင်းကောင်းဖြစ်ပါတယ်။ သမ္မာကျမ်းစာ ရေးသားချက်များကို နားလည်သဘောပေါက်ပြီး ကျွနိုပ်တို့ နေ့စဉ်ဘ၀၊သွားလာလှုပ်ရှားမှုများမှာ အသုံးချရန်ဖြစ်ပါတယ်။ ခရစ်ယာန်တစ်ဦးအတွက် ပုံမှန်ကျမ်းစာဖတ်သင့်ပါတယ်။ သမ္မာကျမ်းစာဖတ်ခြင်းကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ အရေးပါလုပ်ငန်းအဖြစ် သတ်မှတ်ခြင်း နဲ့အတူ ကျွန်ုပ်တို့လပ်ချက်များကို ဘုရားသခင်ရဲ့ အလိုတော်သို့ ဆပ်ကပ်ခြင်းဖြစ်တာနဲ့ ထာဝရဘုရားဟာ ကျွနိုပ်တို့ဖတ်ရှုချက်များကို အဓိပ္ပါယ်ဖွင့်ပြမှာဖြစ်ပါတယ်။
အခုရေးပြတဲ့ ရိုးရှင်းသော သမ္မာကျမ်းစာဖတ်နည်းအားဖြင့် သမ္မာကျမ်းပိုဒ်တခုစီ ဖတ်သမျှ အကျိုးကျေးဇူးရရှိအောင် ကျွနိုပ်တို့ အသုံးချနိုင်ပါတယ်။
ဆုတောင်းခြင်း
ဘုရားထံကို သင့်ထံစကားပြောရန် တောင်းဆိုပါ။ ဆာလံ ၁၁၉း၁၈ "တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊"
ဖတ်ရှုခြင်း
ဘာကိုဆိုလိုသလဲ ဆိုတဲ့အချက်ကို သိရန်အတွက် ကျမ်းပုဒ်ကို သေချာစွာဖတ်ပါ။ ဖတ်ပြီးရင် ထပ်မံဖတ်ရှုပေးခြင်းအားဖြင့် ပို၍ သိရှိနားလည်၊ ခွန်အားရစေပါ။
ပြန်လည်စဉ်းစား၊အာရုံပြုခြင်း
အဓိက အချက်ကဘာကို ဆိုလိုသလဲ? ဘုရားသခင်အကြောင်းကို ဘယ်လို သွန်သင်ထားသလဲ၊ သခင်ယေရှုအကြောင်းလား၊ သန့်ရှင်းသောဝိညာဉ်အကြောင်းလား ? ပြီးတော့ အထူးဖေါ်ပြထားတဲ့ ကောက်နှုတ်ချက်၊ ဂတိတော်၊ သတိပေးချက် သို့မဟုတ် ပုံဥပမာ စတဲ့အချက်တွေကို ရေးမှတ်ထားပါ။ ကျွနိုပ်တို့ လက်ရှိအခြေအနေ၊ ကွနိုပ်တို့ နေ့စဉ်ဆက်ဆံပြောဆိုမှုများမှာ ကျမ်းစာအားဖြင့် ကျွနိုပ်တို့ အတွင်းစိတ်မှာ ဘယ်လို သစ်လွင်တဲ့အမြင်တွေ ရရှိသွားပါသလဲ ?
လုပ်ဆောင်ခြင်း
လက်တွေ့လုပ်ဆောင်ခြင်းမှာ ဘယ်လိုအသုံးချမလဲ၊ အသုံးချခဲ့ခြင်း၊ ဆက်လက် ကျင့်သုံးရန်။
ဆုတောင်းခြင်း
ဖတ်ရှုပြီးချက်များအားဖြင့် ချီးမွှမ်းပါ။ ၀န်ခံချက်ပေးခြင်း အားဖြင့် မိမိအတွက်သာမက၊ မိမိနှင့်ဆက်ဆိုင်သူများအား ဆုတောင်းပေးရန်.
သမ္မာကျမ်းစာမှ ပေးသော အကူအညီပေးခြင်း (ကျမ်းပိုဒ်အချို့)
သင်ရှေ့ဘ၀ခရီးစဉ် မသေချာ၊မရေရာ ဖြစ်နေပါသလား မဿဲ ၆း၂၅-၃၄ ဆာလံ ၁၂၁
သင်သည် စုံစမ်းနှောက်ရှက်ခြင်းကို ခံနေရလျှင်
၁ကော ၁၀း၁၃၊ ရှင်ယာကုပ် ၁း၂-၆၊ ဆာလံ ၁၃၉၊ မဿဲ ၄း၁-၁၁
သင်သည် မှားယွင်းမှုတခုခုကို လုပ်မိခဲ့လျှင်
ဆာလံ ၅၁၊ ရောမ ၇း၁၉-၂၅
အခက်အခဲ၊အကြပ်အတည်းထဲ ရောက်နေလျှင်
ယောရှု ၁း၅-၉၊ ၂ရာ၂၂း၂-၇၊ ဟေရှာယ ၅၅
မိသားစု ပြဿနာနှင့် ကြုံနေရလျှင်
လုကာ ၁၅း၁၁-၃၂၊ ဧဖက် ၆း၁-၎
ဘုရားသခင်၏ အလိုတော်ကို သိလိုလျှင်
မိက္ခာ ၆း၆-၈၊ မဿဲ ၇း၇-၁၂
ဘယ်လို ဆုတောင်းမလဲ
မဿဲ ၆း၅-၁၄၊ ရှင်ယုဒ ၅း၁၃-၁၈
အားနည်းနေချိန်
ဆာလံ ၁၃၀၊ ရှင်ယောဟန် ၁၄း၁၅-၂၀
ချစ်ကိစ္စများအတွက်
ဆော်လမွန်သီချင်း ၂း၁၀-၁၄၊ ၈း၆-၇
ဘုရားသခင်းကို ယုံမှားခြင်းဖြစ်လာလျှင်
တမန် ၁၇း၂၂-၂၈၊ ယေယမိ ၂၉း၁၁-၁၃
ငွေကြေးအခက်အခဲကြုံလျှင်
၁တိမောသေ ၆း၆-၁၂၊ လုကာ ၁၂း၁၃-၂၁
တဦးဦးမှာ နာကြင်မှု၊ စော်ကားမှု လုပ်ခြင်းခံရလျှင်
၁ပေ ၃း၈-၁၇၊ ၁ ကော
ဆုံးရှုံးခြင်းများ ကြုံတွေ့စဉ်
၁ကော ၁၅း၅၀-၅၈၊ ၁သက်သာလောနိ ၄း၁၃ - ၅း၂၈၊ ဗျာဒိတ် ၂၁း၂၂
မကျန်းမာ၊ဖျားနာစဉ်
ဆာလံ ၆၊ ဟေရှာယ ၂၆၊ ရှင်ယာကုပ် ၅း၁၃-၁၆
ကျေးဇူးတော်ချီးမွမ်းလျှက်
... The End ......
